PAHG မိသားစုမှ (၁၉) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်အလှူမင်္ဂလာ…

ပြုသမျှဒါနကုသိုလ် စောင့်တည်ရသောသီလကုသိုလ် ပွါးများအားထုတ်ရသောဘဝါနာကုသိုလ် အစုစုတို့ နတ်လူသာဓုခေါ်စေသော်ဝ်…

ကုသိုလ်
အမျှ ??အမျှ??အမျှ
ယူတော်မူကြပါကုန်လော…
သာဓု??သာဓု ??သာဓု ??
??အပါယ်လေးဘုံ မကျနိုင်သော ကုသိုလ်ထူးများ
၁။ သရဏဂုံ ဆောက်တည်သူ
၂။ ငါးပါးသီလ စောင့်ထိန်းသူ
၃။ စာရေးတံမဲ လှူဒါန်းသူ
၄။ ဆွမ်းလောင်းလှူဒါန်းသူ
၅။ ဝါဆိုသင်္ကန်းလှူဒါန်းသူ
၆။ ရေတွင်း ရေကန်တို့၌ ပါဝင်လှူဒါန်းသူ
၇။ ကျောင်းလှူဒါန်းသူ

ဤခုနှစ်ပါးတို့က အပါယ်မကျနိုင်သော ကုသိုလ်ထူးများဖြစ်ကြလေသည်။

#ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး
(၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား
ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်သောကများ မဖြစ်စေရခြင်း။
(၂) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား
ဖြစ်လေရာဘဝတိုင်းမှာ… မိမိ၏ ခန္ဓာကိုယ်မှ အသားအရေတို့သည် ရွှေရောင်လို ဝင်းဝါတောက်ပနေရခြင်း။
(၃) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား
ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။
(၄) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား
ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်အသားအရည်တို့သည် နုညံ့ချောမွေ့နေခြင်း။
(၅) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား
ဖြစ်လေရာဘဝတိုင်းမှာ… မိမိခန္ဓာကိုယ်မှာ မှဲ့ခြောက် တင်းတိတ် ဝတ်ခြံ စသော အညစ်အကြေးတို့မရှိခြင်း။ (စကားချပ်။ ။ဝက်ခြံပျောက်အောင် ဝါဆိုသင်္ကန်းလှူ☺️☺️)
(၆) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား
ဖြစ်လေရာဘဝတိုင်းမှာ… ခေတ်ကာလအလျောက် ပေါ်ပေါက်လာသည့် အဝတ်အထည်တို့ကို မိမိတို့စိတ်ထဲကနေ တောင်းတလိုက်ရုံဖြင့် အလွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း။
(ယခုခေတ် ပေါ်ပေါက်သော ဒီဇိုင်နာ၊ အီလက်ထရောနစ် ပစ္စည်း စသဖြင့်ပေါ့)
(၇) နောင်ပွင့်တော်မူကြမည့် ဘုရားရှင်တို့နှင့် ကံကောင်းထောက်မစွာ ကြုံတွေ့သည့်အခါ ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဘူးခဲ့သည့် ကုသိုလ်ရှင်အား… ဧဟိ ဘိက္ခု…လာလော့ ရဟန်းဟု ခေါ်လိုက်ရုံဖြင့် ခေါင်းကဆံပင် ခန္ဓာကိုယ်မှာ ဆင်မြန်ထားသည့်အဝတ်အစား စသည့် လူအသုံးအဆောင်များပျောက်ကွယ်၍ (၁၅၀၀)ကိလေသာကုန်ခမ်းကာ ရဟန္တာစစ်စစ်
ဧကန်ဖြစ်ရခြင်ဟူသော… ကောင်းကျိုး (၇)မျိုးကို ဝါဆိုသင်္ကန်းအလှူရှင်များ ရရှိနိုင်၏။

ထို(၇)မျိးတို့တွင် (၁)မှ(၆)သည် လောကီကောင်းကျိုးများဖြစ်၏ ။ နံပါတ်(၇)သည် လောကုတ္တရာ ကောင်းကျိုးဖြစ်၏..။ သို့ဖြစ်၍ ဝါဆိုသင်္ကန်းအလှူရှင်တို့သည် လောကီကောင်းကျိုး လောကုတ္တရာချမ်းသာ အဖြာဖြာတို့ကို ရရှိကြမှာဖြစ်လို့ ယခုနှစ် ဝါတွင်းကာလ၌ သံဃာတော်များအား ဝါဆိုသင်္ကန်းလှူ ဒါန်းဆပ်ကပ်ဖြစ်ပါတသည်……။
#crd_to_owner